Tuesday, August 17, 2010

နာရီတွေ လည်ပတ်နေတယ်...
ကမ္ဘာ့ဝင်ရိုးစွန်း နှစ်ဖက်ကလည်း
နေမင်းကြီးရဲ့ မျက်နှာသာပေးမှုအောက်မှာ
အလင်းနဲ့အမှောင်ကို တစ်လှည့်စီ..
ကျေကျေနပ်နပ်ကြီး လက်ခံနေကြစမြဲ။

ကမ္ဘာတစ်ဖက်ခြမ်းစီက..
တို့နှစ်ယောက်အတွက်ကော..
ကံကြမ္မာက မျက်နှာသာပေးမှာတဲ့လား..။
မဖြစ်နိုင်တဲ့ ဆန္ဒတစ်စုံ..ဆုတောင်းတစ်လက်နဲ့..
အထီးကျန်ဆန်တဲ့ နေ့ရက်တွေကို..
ခါးသီးစွာ ဝါးမြိုရင်း..

ပြန်ဆုံပါရစေကွယ်...တစ်နေ့နေ့..တစ်ချိန်ချိန်တော့.......။

Wednesday, April 14, 2010

မဆုံဖြစ်ခဲ့သော Thingyan

သင်္ကြန်ရေ...
မင်းနဲ့မဆုံတာ..
ခုဆိုရင် ၄ နှစ်ပေါ့နော်..
ပထမဆုံး မင်းနဲ့လွဲပြီးကတည်းက..
နောင်နှစ်ဆို မဖြစ်မနေဆုံရမယ်လို့...
တင်းရင်းနဲ့ပေါ့...
အခြေမနေတွေ ကံကြမ္မာတွေက...
ငါ့ဘက်မှာ မရှိခဲ့ဘူး..
နောက်နှစ်ပေါ့ကွာလို့..
ထပ်တေးလိုက်ပြန်တယ်..
ဒီလိုပါပဲ..."နောင်နှစ်" ဆိုတဲ့
ဆင်ခြေပေါင်းများစွာနဲ့..
မင်းနဲ့ဘယ်တော့မှများ..
ပြန်ဆုံနိုင်မှာလည်းကွယ်...

(PS ...
this is not a poem or not even a letter also..
i wrote down whatever in my mind..
thank u for reading this patiently
and i really wish i can surely go back to mm and enjoy Thingyan next yr!)

Monday, April 12, 2010

HAPPY MYANMAR NEW YR

အခုတလော..အရှူပ်တွေလုပ်ရင်း ..အလုပ်တွေရှူပ်နေတာကြောင့်..blog မရေးဖြစ်တာတောင် အတော်လေးကြာသွားတယ်...
အချိန်နှင့်အရှူပ်တွေလုပ်...အဲ..အလှုပ်တွေရှုပ်နေပေမယ့် လည်း.. ဘာကြောင့်မှန်းမသိ သင်္ကြန်ကိုတော့ အရမ်းကိုလွမ်းဆွတ်နေမိတယ်..
မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာတို့ရဲ့ ရိုးရာ သင်္ကြန်နှစ်သစ်ကူးမှာပါဝင်ဆင်နွဲချင်တာကတော့ မထူးဆန်းပါဘူးလေ..
အကြောင်းကြောင်းကြောင့် သင်္ကြန်နဲ့ဝေးနေတာလည်း လေးနှစ်တိုင်ခဲ့ပါပြီ..အခွင့်ကြုံကြိုက်ရင် အတိုးချပြီး သင်္ကြန်မှာပါဝင်ဆင်နွဲချင်ပါသေးတယ်..
အခုတော့ "လိုအပ်ချက်ကို မြေလှန်ရှာမတွေ.နိုင်..ဖြစ်ချင်တာကို ရိုက်ချိုးပြီး..ဖြစ်သင့်တာကိုရင်မှာပိုက်.....ဘဝပေးအသိကိုသံမှိုရိုက်...
ဝင်ပြီးတဲ့ဒီအခန်းထဲ.. ပျော်အောင်အိပ်လိုက်.." ဆိုတဲ့ Rzarni's songလိုဘဲ ကိုယ့်ဘဝအတွက် ခရီးဆက်ရဦးမယ်..
သင်္ကြန်မိုးလည်း ဖြန်းပက်နေလောက်ရော..
ပိတောက်ပန်းတွေလည်း ပွင့်လောက်ရော...
သင်္ကြန်တေးတွေလည်း ပျံ့လွင့်နေလောက်ရော..
စတုဒီတာအကျွေးအမွေးအတွက်လည်းပြင်ဆင်နေလာက်ရော..
ဖျော်ဖြေရေးမဏ္ဍပ် ရေကစားမဏ္ဍပ်တွေလည်း အပြိုင်အဆိုင်ဆောက်လုပ်နေလောက်ရောပေါ့..
ဘယ်လိုမှမေ့လို့ရမှာမဟုတ်တဲ့ သင်္ကြန်ပုံရိပ်လေးတွေပါ..ဘာပဲပြောပြောလေ...
ဒီသင်္ကြန်မှာ အားလုံးပဲ အတာရေဖျန်းပက်ပြီး..စိတ်သစ်လူသစ်နဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ပါစေလို့...
I do wish u all be possessed a healthy, wealthy and happy life from now on..
HAPPY NEW YEAR to all our myanmar people.

Thursday, February 25, 2010

သူငယ်ချင်းများပြောသော Yimonအကြောင်း


ဒီတစ်ခေါက်တော့ ကိုယ့်အကြောင်းလေး မိတ်ဆက်ပေးရဦးမယ်....မိတ်ဆက်တယ်ဆိုပေမယ့် သူငယ်ချင်းတွေက Yimonအပေါ်အမြင်လေးတွေပါ..
အနီးစပ်ဆုံးသူငယ်ချင်းတွေပါ..သူတို့နဲ့က မကြာခဏဆိုသလို ဆုံဖြစ်တယ်..တွေ့လိုက်တိုင်းလည်း သောင်းပြောင်းထွေလာ တစ်ရောက်တစ်ပေါက်ပြောဖြစ်ကြတယ်..
အချင်းချင်းဝေဖန်ရင်း(ဖဲ့ တာပေါ.နော် .. ဟီး) သူတို့ဆီကကြားလိုက်ရတဲ့ Yimonအကြောင်းလေး...အကောင်းအဆိုးရောထွေးနေပါတယ်..
အကောင်းကနေပဲ စရေးလိုက်တော့မယ်...(လိပ်မျိုးလို့ပြောလည်းခံရမှာပဲ:P)..

သူတို့ကပြောတယ်...
(၁)လူတွေနဲ့ အလိုက်သင့်ပေါင်းသင်းဆက်ဆံတတ်တယ်တဲ့..(ပင်ပန်းငြီးငွေ့လှပါပြီ..မျက်နှာများတဲ့လူတွေနဲ့ ဒီလောကကြီးကို)
(၂)အေးဆေးတည်ငြိမ်ပြီး ရင့်ကျက်တယ်တဲ့...(ရင့်ကျက်တယ်လို့တော့ ကိုယ့်ကိုကိုယ်မထင်မိဘူး..ကြိုးစားရဦးမယ်..ရင်.ကျက်ဖို့..PS-ရုပ်ကတော့ တစ်နေ့တစ်ခြားပိုရင့်လာတယ်..ဟဲဟဲ)
(၃)ခံစားချက်တွေကို မျိုသိပ်ထားတတ်တယ်တဲ့..(ဟုတ်မယ်ထင်ပါတယ်...)
(၄)ပျော်သည်ဖြစ်စေ၊ စိတ်ညစ်နေတဲ့အချိန်ဖြစ်စေ မျက်နှာပေါ်တယ်တဲ့..(ဒါကြောင့်ထင်ပါတယ်..တစ်ခုခုဆို မပြောထားလည်း..သူတို့ကအရင်စမေးတာများတယ်..)
(၅)ကိုယ်ဖြစ်ချင်တာကို seriously မဖြစ်ဖြစ်အောင် လုပ်တတ်တယ်တဲ့..(ဒါကတော့ ကိုယ့်ကိုကိုယ်ချစ်လို့...he')
(၆)ဒါပေမဲ့လည်း တစ်ချို့ case တွေမှာ အရမ်းကြီး serious မဖြစ်ဖို့ remind လုပ်တယ်..(ကိုယ်ထင်သလို မဖြစ်လာတဲ့အချိန်ကျရင် ခံစားရတာကကိုယ်ပဲလေ..ဒါတော့ကြိုးစားရဦးမယ်..သူငယ်ချင်းတို့ရေ...)

လောလောဆယ်တော့ ဒီလောက်နဲ့ပဲရပ်တော့မယ်..:D
Your adds on are welcomed:)

What kind of trails do u leave???

ဒီ post လေးကို facebook မှာလည်းတင်ခဲ့ပါတယ်...
တစ်ကယ်တွေးတောသင့်တာမလို့... yimonရဲ့ blog လေးမှာထပ်တင်လိုက်ပါတယ်...

What kind of trails do u leave???

“Every person has the power to make others happy.

Some do it simply by entering a room --

others by leaving the room.

Some individuals leave trails of gloom;

others, trails of joy.

Some leave trails of hate and bitterness;

others, trails of love and harmony.

Some leave trails of cynicism and pessimism;

others trails of faith and optimism.

Some leave trails of criticism and resignation;

others trails of gratitude and hope.

What kind of trails do you leave?”

သင်ဆိုရင်ကော ဘယ်လို trail(s)မျိုးကိုကျန်ရှိစေချင်လဲ????
ကိုယ်လိုချင်တဲ့ trail(s) ကျန်ရစ်ဖို့ စိတ်ဓာတ်တွေကို ဘယ်လိုမြင့်တင်မလဲ???
တွေးတောသင့်စရာလေးပါ...

Monday, February 15, 2010

တစ်ချိန်က ကျောင်းသားဘဝ

ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေ မြူမှုန်တွေရစ်ဆိုင်းနေတတ်တဲ့ တောင်ကြီးမြို့ ဇာတိမြေလေးပါ..တစ်စိမ်းတစ်နယ်မှာနေထိုင်ရင်း ဇာတိမြေကကျောင်းသားဘဝလေးကို သတိရမိလို့ ဒီpostလေးနဲ့ပဲ ဖွင့်ထုတ်လိုက်ပါတယ်..

"ဒေါင်ဒေါင် ဒေါင်..." ကြားနေကြခေါင်းလောင်းသံနဲ့အတူ သူငယ်ချင်းတစ်စုနှင့် စာသင်ခန်းထဲကို အပြေးဝင်လိုက်တယ်...မှတ်မှတ်ရရပဲ အဲဒီတုန်းက အတန်းပိုင်ဆရာမက ဒေါ်မြင့်သောင်း...(the fisrt teacher met in my high school life)...ဆရာမအတန်းထဲကိုဝင်လာတာနဲ့မြန်မာ့ယဉ်ကျေးမှုအတိုင်း "ပဉ္စဂုနံ အဟံဝ န္တာမိ ..................... မင်္ဂလာပါ ဆရာမ” သံပြိုင်နှုတ်ဆက်ကြတယ်...(အဲဒီ အသံလေးတွေကို အခုထိကြားယောင်နေဆဲပါ..)"ကကြီး ခခွေး ဂငယ်........” သူငယ်ချင်းတွေနဲ့အတူ သံပြိုင်ရွတ်ဆိုရင်း...."ဆရာမ” " သူငယ်ချင်း” ဆိုတဲ့အသိကလေး မသိစိတ်ကိုတိုးဝင်လာရင်း....သူငယ်တန်းနှစ်ကုန်ဆုံးသွားခဲ့တယ်...

ပထမတန်း... အတန်းပိုင်ဆရာမက ဒေါ်နော်ထူးဆေး...မျောက်ရှုံးအောင်ဆော့လို့ ခုံပေါ်မတ်တပ်ရပ်ခဲ့ရတဲ့ နေ့ တွေ.....နားရွက်ဆွဲ ထိုင်ထလုပ်ခဲ့ရတယ့်နေ့  တွေ....ဆရာမရဲ့  ၀ါးပေတံစာ မိခဲ့တဲ့ နေ့ တွေ အခု ချိန်ထိ မျက်စိထဲမှာမြင်ယောင်နေဆဲ.....

ဒုတိယတန်း...ထူးမခြားနားပဲ...သူငယ်ချင်းတွေနဲ့အတူဆော့ကစားရင်းကုန်ဆုံးသွားပြန်တယ်...

မနက်ခင်းကျောင်းတက်ခေါင်းလောင်းထိုးပြီးချိန်တိုင်း... နိုင်ငံတော်သီချင်းသီဆိုရင်း...နိုင်ငံတော်အလံ အလေးပြုရင်း..."မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်.. မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်.. မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်..မိမိတိုင်းပြည် အတွက်ကောင်းအောင်ကြိုးစားမည်..." ဆိုတဲ့ ဆောင်ပုဒ်တွေကို ရွတ်ဆိုရင်း...ကိုယ့်ကိုတိုင် အရင်ကောင်းအောင်ကြိုးစားရမယ် ဆိုတဲ့ အသိတရားလေးကိန်းအောင်းလာခဲ့တဲ့ တတိယတန်း....

စာကို စာမှန်းနာလည်တဲ့ အချိန်က စတုတ္ထတန်း... စာကိုတစိုက်မတ်မတ် လုပ်ဖို့ အမေ့ရဲ့  ဆုံးမသံ တို့နဲ့... စာကိုတစိုက်မတ်မတ် ကျက်မှတ်ခဲ့ပါတယ်... တစ်နေ့ ပေးစာ တစ်နေ့  အမေ့နား မှာစာအံရင်း စတုတ္ထတန်းနှစ် အခန်းဆုံးစာမေးပွဲ မှာ ဆု ရခဲ့ဖူးတယ်....ပဉ္စမတန်းကို အတန်းကောင်းရရှိခဲ့တယ်..အဖေ ရဲ့ ဝမ်းသာမဆုံးအားပေးသံ "ငါ့သမီးလေး တော်တယ်..." ဆိုတဲ့ ပီတိစကား....ဘ၀မှာ တန်ဖိုးအ ရှိဆုံးဘဲ......ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ သိရှိခဲ့လို့ ဆက်လက်ပြီးကြိုးစားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်.....

တစ်တန်းပြီး တစ်တန်းတက်လာ တယ်.....သူငယ်ချင်းတွေက ဒီကောင် က ဒီကောင် ဘဲ......အားလုံးကတစ်ခန်းထဲမှာ ဘဲ.....မှတ်မှတ်ရရ အဖြစ်အပျက်လေး တစ်ခုရှိသေးတယ်..... ၆တန်း တုန်းက...အတန်းထဲမှာ...ဘောလီဘောကစားတာ...( ဘောလီဘောချစ်သူ... ဆိုတဲ့ မြဝတီက ဂျပန်ကားလေးကို အားကျပြီးတော့..:P) လက်စွမ်းပြလွန်ပြီး မျက်နှာကျက်က မီးသီးကိုသွားထိပြီး မီးသီးကွဲသွားတာ.. အတန်းပိုင်ဆရာမသိသွားပြီး တစ်ဖွဲ့လုံး ဒဏ်ပေးခံလိုက်ရတယ်...:D

သြော်.....ပြီးတော့ ...... ကထိန် ....ကထိန်.... ဘုံကထိန်..... တောင်ကြီး မှာ ကျောင်းတိုင်း အပြိုင်အဆိုင် လုပ်နေကြ...... ၅တန်း တုန်း က...... အရုပ်စလုပ် ရတယ်....... ပျော်သလား မမေးနဲ့ .. october ဆို စာတောင်မလုပ်နိုင်ဝူး..... သူငယ်ချင်းအိမ်မှာ အရုပ် ချိုး ရတာနဲ့ ..... စက္ကူကပ်ရတာနဲ့ .......နှစ်စဉ်နှစ်တိုင်း ပျော်ခဲ့ရတယ်..

လူပျိုလေး၊အပျိုလေး စဖြစ် ပြီတဲ့.....အသံတွေလည်း စပြီးပြောင်းနေကြပြီ......မထုတ်တတ်တဲ့ ရှိုးတောင် ထုတ်တတ်ခါစ .......မပြောင်းလဲသေးတာက ကျွန်မတို့  ဘော်တာ တွေတစ်စု.......၈တန်းအထိ လည်း same classroom ဘဲ........ ၈တန်း တုန်းက ကိုယ့်ပါကိုယ် ဒီလောက်ဆိုးမှန်း မသိဘူး........ ပထဝီဆရာမ ဒေါ်ခင်သန်းထူး...ကျောင်းသားတိုင်းဆရာမ ဒေါ်ခင်သန်းထူးဆိုရင် ဖင်တုန်အောင်ကြောက်ကြတယ်...ဆရာမက စာမေးမယ်ကြိုပြောထားတာကို စာမကျက်သွားဘူး...ဆရာမလည်း စာဆိုခိုင်းရော.. အထစ်ထစ် အငေါ့ငေါ့နဲ့ဆိုတော့..ဆရာမ စိတ်ဆိုးပြီး ဆူတာ..စကားလုံးတွေ......သေသာတောင်မမေ့နိုင် လောက်ဝီးး....... အရမ်းကို လေးစားဖို့ ကောင်းတဲ့ ဆရာမ...... ဘာမှတော့မလုပ် ပါဘူး.......

ဘာလိုလိုနဲ့  ၉တန်းကျောင်းသူကြီးဖြစ်လာပြီ.......၈ တန်းလောက်တော့ မဆိုးရဲတော့ပါဘူး...... အသိစိတ်ကလေး တွေလည်း ၀င်လာပါပြီ...... အမေတို့ အဖေတို့  တွေလိုချင်တဲ့ ပုံစံကို ရအောင်လုပ်ဖို့  ကြိုးစားခဲ့ ပါတယ်....... အပေါင်းအသင်း တွေ ဘော်တာတွေ သူငယ်ချင်းတွေ လည်းအများကြီး ရခဲ့ပါတယ်....

အချိန်တွေ ကတိုက်စားတာ အတော်မြန်ပါလား.......မြန်မာပြည် ကျောင်းသားတွေရဲ့  ဘ၀ တစ်ဆစ်ချိုး လို့  ပြောနေကြတဲ့ ၁၀တန်း (grade 11) ကိုရောက်ခဲ့ပြီ...... ဘ၀ ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ပေါ်စေသာ ဒီ ၁၀တန်း ဘဲ.......အဖေ က ခဏခဏ ပြောတယ်....... စာကို နေမအား ညမနား လုပ် ခဲ့ဖူးပါတယ်..... ၁၀တန်း တစ်သက်မှာ တစ်ခါပဲ ဆိုတော့..... ကျွန်မအတွက် က... ကျောင်းသားဘ၀ မှာ ဘယ်အချိန် အပျော်ဆုံးလဲ လို့  မေးခွန်းထုတ်ရင်....အဖြေက ၁၀တန်း ပါ....... သူငယ်ချင်း တွေကို လည်းလုံးဝ မေ့လို့  မရ.... ဆရာမတွေကို လည်း သတိရ..... ဖြစ်ပျက်ဖူးတဲ့ အကြောင်းအရာ တော်တော်များများ ကလည်း ဒီနေ့ အထိ နှလုံးသားထဲမှာရှိနေဆဲ........

၁၀တန်းမှာ မိဘတွေရဲ့  အလို...ဆရာမတွေရဲ့  အလို...ကျွန်မကျောင်း ရဲ့ အလို ကိုဖြည့်ပေးနိုင်ခဲ့ပြီ......ကျွန်မကျောင်းအတွက် တာဝန်ကြေပါတယ်..... အ ထ က ၄ ဂုဏ်ကို ဆောင်ပေးနိုင်ခဲ့ပါတယ်.........ဒီအတွကိုသွန်သင်ပေးသော မိဘများ ဆရာ၊ဆရာမများ ဒီနေရာ ကလက်အုပ်ချီ ရှိခိုးဦးချစမြဲပါ......

၁၀တန်း အောင်စာရင်း ထွက်တော့ သူငယ်ချင်းတစ်စနဲု့ ငါးကန် မှာသွားကဲကြသေးတယ်........ သင်္ကြန်တုန်းကလဲ အပြတ်ပဲ ....ကဲတာ...... စတုဒီသာ လည်းဝိုင်းလုပ်ကြတယ်.......ပျော်စရာတော်တော်ကောင်း ခဲ့တာဘဲ.........သူငယ်ချင်းတို့ ........... မင်းတို့  အခု အဆင်ပြေနေကြလား ......နေကောကောင်းကြရဲ့ လား....... တစ်ယောက်တစ်နေရာဆီ ဖြစ်သွားပြီမို့ .....တွေ့ စရာ ဆိုလို့  online ဘဲ ရှိတယ်...... ဒါတောင် connection ကောင်းမှ......ကျွန်မ်သင်္ကြန် မကြုံတာ ၃ နှစ်ရှိ သွားပြီ.......တောင်ကြီး တန်ဆောင်တိုင်လဲ မကြုံတော့ဝူး........ :'(

ဘာပဲဖြစ်ဖြစ် ဘ၀ မှာ တစ်ကြိမ်တစ်ခါဘဲ ရမယ့် အခွင့်အရေး တွေ ကျွန်မရရှိခဲ့ပြီ....... နောက်ထက်လည်း ဒီကျောင်းသားဘ၀ကြီးကို ရချင်သေးပါတယ်ဆိုတောင် ထပ်ရတော့မှာမဟုတ်တော့ဘူး.......လူ့ ဘ၀ မှာ တစ်တောင်တက် တစ်တောင်ဆင်းသလိုဘဲ တောင်ပေါင်းများစွာကို ဖြတ်ကျော်ရဦးမယ်......ခွန်အားသစ် မျှော်လင့်ချက် အသစ်ကလေး တွေနဲ့ မနက်ဖြန်များစွာကို ပုံဖော်ရင်း ဘ၀သင်ခန်းစာသစ် များကိုဖတ်ရှု ရဦးမယ် .........




To my dearest Daddy and Mummy

To my dearest Daddy and Mummy,
၃၁.၈.၁၉၉၀ မှာ လူ.လောကထဲကို ရောက်ရှိလာတဲ့ ကျွန်မကို ဖေဖေ မေမေတို့ကသာ မပံ့ပိုး၊ မထောက်ပံ့၊ အားမပေးခဲ့ဘူးဆိုရင် ဒီနေ့ဒီအချိန်မှာ ရည်မွန်သိမ့် ဆိုတဲ့ကောင်မလေးဟာ ဒီလောကကြီးထဲမှာ ဘယ်လိုမှရပ်တည်နိုင်မှာ မဟုတ်ပါဘူး..
၉လ လုံးလုံး မေ့မေ့ရဲ့ ဝမ်းဗိုက်ထဲမှာနေပြီး ဘယ်လို ဒုက္ခ တွေများပေးခဲ့မိလဲ...?
မွေးဖွားလာပြီးတော့ကော ...မေမေက သမီးကို ထိန်းကျောင်းခဲ့တယ်..ဖေဖေက မိသားစု ဝမ်းရေးနဲ့ သမီးရဲ့ အနာဂတ်အတွက် အလုပ်တွေကို ကြိုးစားလုပ်ခဲ့တယ်...မေမေကော သမီးပါ မျက်နှာမငယ်ရအောင် ပိုက်ဆံတွေကို ရှာဖွေခဲ့တယ်..
အသိဥာဏ် အနည်းငယ်ရလာတဲ့ ၃နှစ်သမီးအရွယ်မှာ မူကြိုကျောင်းကိုပို့ပြီး တတ်သင့်တတ်အပ်တဲ့ ကျောင်းပညာကို စတင်သင်ကြားစေခဲ့တယ်...အဲဒီတုန်းက အရမ်းငယ်သေးတော့ ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာ ငိုခဲ့သလားတော့ မမှတ်မိတော့ဘူး..( ကလေးငယ်လေးတွေ ကျောင်းပေါက်ဝမှာ မိဘတွေကိုဖက်ပြီး ငိုယိုနေတာကို မကြာမကြာ မြင်တွေ.နေကြဆိုတော့)..မေမေက သမီးလက်ကိုဆွဲ.. ဖေဖေက ထမင်းဘူးကိုဆွဲပြီး လိုက်ပို့ခဲ့တဲ့ ပုံရိပ်တွေကိုတော့ မြင်ယောင်နေဆဲပါ...
ဒီလိုနဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း တွေကိုပါ ဖေဖေ၊မေမေတို့ရဲ့ ပံ့ပိုးမှု၊ ဂရုတစိုက်စောင့်ရှောက်မှု၊ အားငယ်ချိန်တိုင်း အားပေးမှု တို့နဲ့အတူကျော်ဖြတ်နိုင်ခဲ့ပါပြီ...
စာရိတ္တကောင်းပြီး လိမ္မာယဉ်ကျေးအောင် ၃၈ဖြာပုံပြင်တွေနဲ့ အိပ်ယာဝင်ခါနီးတိုင်း ဆုံးမခဲ့တဲ့ မေမေ့ရဲ့အသံ ၊ စာကိုဂရုစိုက်ကြိုးစားဖို့ ၊ လူပေါင်းမမှားဖို့ ဖေဖေ့ရဲ့ ဆိုဆုံးမသံတွေဟာ ပဲ့တင်ထပ်လျှက်ပါ....
၁၀တန်းအောင်ပြီးတော့ သမီးကိုဆေးတက္ကသိုလ်ဆက်တက်စေချင်တဲ့ ဖေဖေ...။ဝါသနာမပါခဲ့လို့ ..ဖေဖေ့ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့တာ.. ခွင့်လွတ်ပါ...။ ဖေဖေ နဲ့ မေမေ ဖြစ်စေချင်တဲ့ လူလိမ္မာ၊ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်တော့ သမီးကြိုးစားသွားမှာပါ...
ဝေးနေတဲ့ အချိန်မှာ ဖုန်းထဲက ဖေဖေ မေမေတို့ရဲ့ စကားလုံးတိုင်းဟာ သမီးအတွက်တော့ အားဆေးတွေပါ...
မြင့်မိုရ်တောင်ဦး မကကျူးသည့် မွေးမိဖခင် ကျေးဇူးရှင် ဆိုတဲ့အတိုင်း မိဘမေတ္တာနဲ့ ကျေးဇူးတရားကြီးမားပုံကို တစ်နေ့တစ်ခြား သိရှိလာခဲ့ပါတယ်..တစ်နေ့မှာကြီးမားလှတဲ့ မိဘကျေးဇူးကိုလည်းပြန်ဆပ်နိုင်အောင် ကြိုးစားဆဲပါ...
ဖေဖေ နဲ့ မေမေ ကို ကာယကံ၊ ဝိဇီကံ၊ မနောကံ နှင့် ပြစ်မှားမိသည်ရှိသော် ခွင့်လွတ်ပေးပါ...။ ထာဝရဦးထိပ်ထားပြီး ရှိခိုးကန်တော့လျှက်...
သမီးကြီးရည်မွန်သိမ့်